• Burmese
  • English

Thonburi Hospital Myanmar Office

Burmese
Caption 01: 
Thonburi Hospital Myanmar Office
Caption 02: 
ထွန်ဘူရီဆေးရုံ မြန်မာရုံးခွဲမှ နွေးထွေးစွာ ကြိုဆိုပါတယ်ရှင်။ ထွန်ဘူရီဆေးရုံ မြန်မာရုံးခွဲကို ၂၀၁၆ စက်တင်ဘာလ ၁ ရက်နေ့ ၌ ဂမုန်းပွင့် (စံရိပ်ငြိမ်) ၅ လွှာမှာစတင်ဖွင့်လှစ်လျက်ရှိပါသည်။ ဤရုံးခွဲဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်မှာဘန်ကောက်မြို့ရှိ ထွန်ဘူရီဆေးရုံတွင် ကျန်းမာရေးစစ်ဆေးလိုသူများ၊ ဆေးကုသမှုခံယူလိုသူများအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ပါသည်။ ရုံးခွဲ၏ ၀န်ဆောင်မှုများမှာ ဆေးရုံရှိ ပါမောက္ခများ၊ ဆရာဝန်များ နှင့်ဆွေးနွေးမှုများကိုအခကြေးငွေယူခြင်းမရှိဘဲ ပြုလုပ်ပေးခြင်း၊ လူနာများနှင့် လူနာစောင့်များသက်သာစေရန်အတွက် လေယာဉ်လက်မှတ်များ၊ ဟိုတယ် ဘိုကင်များ၊ ဆရာဝန်နှင့်တွေ့ဆုံရန် ဘိုကင်များအားစီစဉ်ပေးခြင်း၊ သွားလာရေးအဆင်ပြေရန်အတွက် လေဆိပ်မှ ဆေးရုံထိသော်၎င်း၊ ဟိုတယ်မှ ဆေးရုံထိသော်၎င်း အကြိုအပို့စီစဉ်ပေးခြင်းတို့ဖြစ်ပါသည်။ လိုအပ်သည်များကိုတစ်နေရာတည်းမှာစီစဉ်ပေးနေပြီဖြစ်ကြောင်းသတင်းကောင်းပေးပါရစေ။